ငဖဲမြို့နယ် ပဒါန်းကျေးရွာ အရှိုချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုပြတိုက်တွင် (၇၅) နှစ်မြောက်  စိန်ရတု ချင်းအမျိုးသားနေ့အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပဒါန်းကျေးရွာ အရှိုချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုပြတိုက်တွင် (၇၅)နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက် ၇ နာရီ အချိန်ကကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဦးထွန်းခင်၊ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ အရှိုချင်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားများတက်ရောက်ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံကုလားပဲစိုက်ပျိုးတောင်သူများ သီးနှံပေါ်ဦးပေါ်ဖျား ယခင်နှစ်ကထက် ဈေးကောင်းရရှိ၍ လုပ်ငန်းအဆင်ပြေ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံကုလားပဲစိုက်ပျိုးတောင်သူများ သီးနှံများစတင် ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ သီးနှံပေါ်ဦးပေါ်ဖျား ယခင်နှစ်ကထက် ဈေးကောင်းရရှိနေသဖြင့် သီးနှံဝင်ငွေအကျိုးအမြတ် ရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။

ဘိုကလေးမြို့နယ်တွင် (၄၃)ကြိမ်မြောက် ပရိယတ္တိသာသနပါလ စာမေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဆရာတော်၊ သံဃာတော်ကြီးများမှ ကြီးမှူးကာ ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးကို ရည်ရွယ်၍ (၄၃)ကြိမ်မြောက် ပရိယတ္တိ သာသနပါလ စာမေးပွဲအား ဘိုကလေး မြို့မဆွမ်းလောင်းဓမ္မာရုံကြီး၌  ကျင်းပဆောင်ရွက်လျက်ရှိသည်။

မိုးညှင်းမြို့၌ ခရိုင်အဆင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်အဆင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းကို ယနေ့ နံနက်(၉)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဟောင်း အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ သည်။

သံတွဲမြို့၌ တိပိဋကဓရ ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ သုတဗုဒ္ဓသာသနာ့အာဇာနည်(၈)ပါး ပင့်ဆောင်ပူဇော်ပွဲစည်ကားသိုက်မြိုက်စွာကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့်ငပလီမြို့သူ/မြို့သားများစုပေါင်းကျင်းပသည့် တိပိဋကဓရ ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ သုတဗုဒ္ဓသာသနာ့အာဇာနည် (၈)ပါးသည် ယမန်နေ့  နံနက်၁၁:၃၀ နာရီက  ငပလီမြို့၊ သံတွဲလေဆိပ်မှ Memento Resort သို့ မော်တော်ယာဉ်များဖြင့်  ပူဇော်ပွဲကို လှည့်လည်  အပူဇော်ခံခဲ့ကြသည်။

လိပ်သိုမြို့ ၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ်စာမေးပွဲများ အေးချမ်းစွာဖြေဆို

ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲများကို  ဖေဖော်ဝါရီလ ၁၄ ရက် နေ့မှစ၍ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ စက်သုံးဆီအ‌ရောင်းဆိုင်များသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီအချိန်က မြစ်သားမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်ကြီးများသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက်  ကွင်းဆင်း‌ဆောင်ရွက်ခဲ့သည်။

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၃၀၅၃၃၁ ဦးထိုးပေးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၃၀၅၃၃၁ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ် ကြောင်း ညောင်ဦးမြို့နယ်၊စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံကသိရသည်။
Subscribe to