ဇေယျာသီရိမြို့နယ်၌ လူငယ်နှင့်လောင်းကစားဥပဒေအသိပညာပေး Talk Show ရိုက်ကူးထုတ်လွှင့်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ လူငယ်နှင့် လောင်းကစားဉပဒေအသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ရိုက်ကူးထုတ်လွှင့်ခဲ့ကြောင်း သိရသည်။                                                                            

ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ကလောင်စုံရေးသားထားသည့် “လူငယ်နှင့် အနာဂတ်ကိုတည်ဆောက်ခြင်း” စာအုပ်အား စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့မြို့မဂိုဏ်းချုပ်ကျောင်းတိုက်၌ (၂၈)ကြိမ်မြောက် အသံမစဲမဟာမြတ်ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  နမ့်ဆန်မြို့ မြို့မဂိုဏ်းချုပ်ကျောင်းတိုက်၌ (၂၈)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့နံနက် (၉)နာရီ အချိန်က ဖွင့်လှစ်ရွတ်ဖတ်ခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ်၌ နွေရာသီ စာဖတ်ပရိသတ် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောပွဲနှင့် ဂိမ်းကစားခြင်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ နွေရာသီကျောင်း ပိတ်ရက်တွင် စာပေဖတ်ရှုရန် လာရောက်သည့် စာဖတ်ပရိသတ် ကျောင်းသား၊ ကျောင်းသူများအား ငယ်စဉ်ကတည်းက လိမ္မာရေးခြားရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။

ကန်ဇွန်းဥစိုက် တောင်သူများ ယခင်နှစ်ကထက် ဈေးကောင်းရရှိ

ကန်ဇွန်းဥများကို သဲမြေဆန်ပြီးနှုံးမြေပေါများသည့် ဒေသများတွင်သာစိုက်ပျိုးလေ့ရှိကြောင်း၊ ယခုလိုမြေနေရာမျိုးသည် မြန်မာနိုင်ငံအတွင်း မြစ်ရိုးတစ်လျှောက်မြို့ရွာများသာ အများဆုံးတွေ့နိုင်ကြောင်း၊ယခုလို ကန်ဇွန်းဥစိုက်ပျိုးခြင်းမျိုးဆိုရင် နှုံးမြေဆန်တဲ့နေရာမျိုးကိုသာ စီးပွားဖြစ်စိုက်ပျိုးနေကြောင်း တောင်သူတစ်ဦးထံက သိရသည်။

တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့ကြားရှိ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁) ပြန်လည်ဖွင့်လှစ်

မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)ကို ကိုဗစ်-၁၉ ရောဂါကြောင့် သုံးနှစ်ဝန်းကျင်ပိတ်ထားရာမှ ယနေ့နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်တွင် နေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်များမီးဘေး လုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဒလ-တွံတေးကားလမ်းမကြီးဘေး၊ ကမာကဆစ်ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြသည်။

ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်းကျေးရွာသို့ သွားရောက်ငှားရမ်းပေးကြသည်။
Subscribe to