မြစ်သားမြို့နယ်အတွင်းရှိ စက်သုံးဆီအ‌ရောင်းဆိုင်များသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

မြစ်သား  ဖေဖော်ဝါရီ  ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီအချိန်က မြစ်သားမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်ကြီးများသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက်  ကွင်းဆင်း‌ဆောင်ရွက်ခဲ့သည်။

ထို့သို့  ကွင်းဆင်းဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင် (၁ )  ဗိုလ်မှူးဘိုဘိုအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးရှိန်းသူနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးအရာရှိ ဦးအောင်မင်းကျော်နှင့် ဝန်ထမ်းများက ဦးဆောင်၍ မြစ်သားမြို့နယ်အတွင်းရှိ စက်သုံးဆီအ‌ရောင်းဆိုင်များ၌ မီးလန့်မှုမီးလောင်မှုများ မဖြစ်ပွားစေရေး၊မီးဘေးသတိရှိရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးရေများ၊မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိမှုနှင့်မီးသတ်ဆေးဘူးများ စနစ် တကျပြင်ဆင်ထားရှိပြီး  လေပေါင်ရှိ/မရှိတို့ကို စစ်ဆေးကာ  မီးဘေးလုံခြုံရေးဆိုင်ရာတို့ကို   အသိပညာပေးကာ လိုက်လံစစ်ဆေးဆောင် ရွက်ပြီး လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သီတာအောင်