လိပ်သို ဖေဖော်ဝါရီလ ၂၀
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီလ ၁၄ ရက် နေ့မှစ၍ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ KG တန်း ကျောင်းသား/ကျောင်း သူ (၄၅) ဦး၊ Grade-1 မှ ကျောင်းသား/ကျောင်းသူ (၆၇) ဦး၊ Grade-2 မှ ကျောင်းသား / ကျောင်းသူ (၆၅) ဦး ၊ Grade-3 မှ ကျောင်းသား/ကျောင်းသူ (၆၁) ဦး၊ Grade-4 မှ ကျောင်းသား/ကျောင်းသူ (၈၂) ဦး၊ Grade-6 မှ ကျောင်းသား/ကျောင်းသူ (၉၉) ဦး ၊ Grade-7 မှ ကျောင်းသား/ကျောင်းသူ (၉၁) ဦး ၊ Grade-8 မှ ကျောင်းသား/ ကျောင်းသူ (၈၄) ဦး ၊ Grade-10 မှ ကျောင်းသား/ကျောင်းသူ (၅၀) ဦး၊ Grade-11 မှ ကျောင်းသား/ ကျောင်းသူ (၂၄) ဦးတို့သည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစ၍ အေးချမ်းစွာ ဖြေဆိုလျက် ရှိပြီး ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ခရိုင်စစ်မေးခွန်းများဖြင့် Grade-5 ကျောင်းသား/ကျောင်းသူ (၂၉) ဦး၊ ပြည်နယ်စစ်မေးခွန်းများဖြင့် Grade-9 ကျောင်းသား/ကျောင်းသူ (၅၈) ဦးတို့က ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ မတ်လ (၁) ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)