ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၃၀၅၃၃၁ ဦးထိုးပေးပြီးဖြစ်

ညောင်ဦး ဖေဖော်ဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၃၀၅၃၃၁ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ် ကြောင်း ညောင်ဦးမြို့နယ်၊စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံကသိရသည်။

ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန်  သတ်မှတ်နေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးလျှက်ရှိရာ ကိုဗစ်-၁၉ ကာကွယ်ဆေးအပိုထပ်ဆောင်းထိုးနှံခြင်း၊ အကြိမ်ပြည့်ထိုးနှံပေးခြင်း စဉ်ဆက်မပြတ်ထိုးနှံပေးနေလျှက်ရှိရာ ညောင်ဦးမြို့နယ်အတွင် ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မှု ၃၀၅၃၃၁ ဦး အကြိမ်ပြည့်ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။

ဒီပါလင်း