ဘိုကလေး ဖေဖော်ဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဆရာတော်၊ သံဃာတော်ကြီးများမှ ကြီးမှူးကာ ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးကို ရည်ရွယ်၍ (၄၃)ကြိမ်မြောက် ပရိယတ္တိ သာသနပါလ စာမေးပွဲအား ဘိုကလေး မြို့မဆွမ်းလောင်းဓမ္မာရုံကြီး၌ ကျင်းပဆောင်ရွက်လျက်ရှိသည်။
အဆိုပါ စာမေးပွဲအား ဖေဖော်ဝါရီလ(၁၉)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၃)ရက်နေ့အထိ မွန်းတည့် (၁၂)နာရီမှ နေ့လည် (၃)နာရီထိ (၅)ရက်တာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး ဘိုကလေး မြို့နယ်အတွင်းမှ ရှင်သာမဏေ ပထမငယ်တန်း(၉)ပါး၊ပထမလတ်တန်(၁)ပါး၊ ဉပစာက (၃၉)ပါး၊ ဉပစာခ(၂၅)ပါးနှင့် အာဂုံတန်း (၉၅)ပါး၊ စုစုပေါင်း ရှင်သာမဏေ (၁၆၉)ပါး မှ ဝိနယဘာသာ၊ သဒ္ဒါဘာသာ၊ ကစ္စည်းသဒ္ဒါဓမ္မာဘာသာ၊ အဘိဓမ္မာ သင်္ဂဟဘာသာ၊ ပရိယတ္တိဘာသာ၊ မာတိကာ ဓါတုကထာဘာသာနှင့် အဘိဓါန်အလင်္ကာဆန်း ဘာသာများအား ဝင်ရောက်ဖြေဆိုလျက် ရှိကြောင်း၊ ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင် စာအောင်ရှင်သာမဏေများအား စာအောင်လက်မှတ်များကို စာအောင်ဆုနှင်းသဘင်ဖြင့် ချီးမြှင့်ဆက်ကပ်သွားမည် ဖြစ်ကြောင်းနှင့် ယနေ့တွင် ကြီးကြပ်ဆရာတော်များ၊ စာဖြေရှင်သာမဏေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးလှသန်းဦးတို့မှ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)