ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်းရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်း ရောဂါဝေဒ နာရှင်များအတွက် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် မြို့နယ်ပြည်သူ့ဆေးရုံ၊ ရိပ်သာဆောင်ခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။