နောင်ချို ဇွန် ၁၇
၂၀၂၆ခုနှစ် ဇွန်လ ၂၆ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်းရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကို နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူထုအခြေပြု ဗဟိုဌာန (Community Center)ခန်းမတွင် ဇွန် ၁၅ ရက် နံနက် ၁၀ နာရီက ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအားရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြိုင်ပွဲကို “ရှောင်လေဝေးဝေးမူးယစ်ဆေး” ခေါင်းစဉ်ဖြင့် ကျင်းပသည်။ ထို့နောက် ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။ အဆိုပါပန်းချီပြိုင်ပွဲသို့ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူ ၂၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်၊ ပြန်/ဆက်