သရက်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

သရက်   ဇွန်   ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်မြို့နယ်ဦးစီးမှူးရုံးမှ လမင်းစီမံချက်ဖြင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက် ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။

အဆိုပါ လမင်းစီမံချက်ကို ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က ကြည့်ရှုအားပေးခဲ့ပြီး အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူ (၁၄၃) ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများကို လက်ဝယ်အရောက် နေ့ချင်းပြီး ဆောင်ရွက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)