ကလေးဝမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်  Placement Test (အထူးအစီအစဉ်) စာမေးပွဲ ဆက်လက်ဖြေဆို

ကလေးဝ ဇွန် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်  Placement Test (အထူးအစီအစဉ်) စာမေးပွဲသင်္ချာဘာသာရပ်အား ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်းတို့တွင် ဆက်လက်ဖြေဆိုသည်။

စာမေးပွဲကို နိုင်ငံတော်အစိုးရက အကြောင်းအမျိုးအမျိုးကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ ကျောင်းပြင်ပသို့ရောက်ရှိခဲ့သည့် ကျောင်းနေအရွယ်ကလေးများအားလုံးကို ပညာသင်ကြားနိုင်သည့် အခွင့်အရေးမဆုံးရှုံးစေရန်အတွက် တက်ရောက်သင်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသည့် ကျောင်းပြင်ပရောက်ကလေးများ (မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်) Placement Test (အထူးအစီအစဉ်) အရည်အချင်းစစ်စာမေးပွဲကို ဇွန် ၁၅ ရက် နံနက် ၉ နာရီက စတင်၍ကျင်းပသည်။ စာမေးပွဲသို့ Grade-4 မှ Grade-8 အထိ ဖြေဆိုရန် စာရင်းပေးထားသူ ကျောင်းသား ကျောင်းသူ ၂၄၄ ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ၂၂၆ ဦး ပျက်ကွက် ၁၈ ဦးရှိရာ ဖြေဆိုမှုရာခိုင်နှုန်း (၉၂.၆၂)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးမောင်လွင်ထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)