မြို့သစ်မြို့နယ်တွင် ကျောင်းပြင်ပရောက်ရှိနေသော ကျောင်းသားကျောင်းသူများအတွက် အထူးစာမေးပွဲများ ဆက်လက်ဖြေဆို

မြို့သစ် ဇွန် ၁၇

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစတင်၍ အကြောင်း အမျိုးမျိုးကြောင့်ပညာသင်ကြားနိုင်ခြင်းမရှိဘဲ ကျောင်းပြင်ပရောက်ရှိနေသော  အခြေခံပညာအဆင့် Grade -1  မှ   Grade -8  အထိကျောင်းသားကျောင်းသူများအတွက် Placement Test  (အထူးအစီအစဉ်) စာမေးပွဲများဖြေဆိုခြင်းကို    ဇွန် ၁၅ ရက်ကစတင်၍    အမှတ်(၁)  အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသားကျောင်းသူများဝင်ရောက်ဖြေဆို လျက်ရှိရာ ယနေ့တွင် တတိယမြောက်နေ့အဖြစ် ဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ထိုသို့ Placement Test   (အထူးအစီအစဉ်)ဖြေဆိုရာတွင် အခြေခံပညာအဆင့်    Grade -1 မှ Grade -3 အထိ ဖြေဆိုသူ(၅)ဦး ၊  Grade -4 မှ Grade -5 အထိ   ဖြေဆိုသူ(၁၅)ဦး ၊  Grade -6 မှ  Grade -8 အထိ ဖြေဆိုသူ (၂၇)ဦး စုစုပေါင်းကျောင်းသားကျောင်းသူ (၄၇) ဦးဝင်ရောက်ဖြေဆိုလျက်ရှိပြီး     မြို့နယ်ပညာရေးမှူးနှင့်ဆရာ/ဆရာမများက     အနီးကပ်ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)