ကိုကိုးကျွန်း ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး သန်လျှင်ခရိုင် ကိုကိုးကျွန်းမြို့နယ်တွင် ပတ်ဝန်းကျင်သန့်ရှင်းစေရန်နှင့် အမှိုက်များစနစ်တကျ စွန့်ပစ်စေရန်အတွက် စွန့်ပစ်အမှိုက် စနစ်တကျခွဲခြားစွန့်ပစ်နည်းအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။
ဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်က ဟောပြောပွဲရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဉီးနန်းဦးခိုင်မှ အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်ခြင်းနှင့် 3Rsစနစ်အသုံးပြုပြီး စွန့်ပစ်ပစ္စည်းများ၏ ညစ်ညမ်းမှုအန္ဒရာယ်မှ ကာကွယ်နိုင်ရေးအတွက် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ အမှိုက်များကို ခွဲခြားစွန့်ပစ်ခြင်းဖြင့်ညစ်ညမ်းမှု အန္တရာယ်ကိုလျော့ချစေနိုင်ပြီး လူနေမှုဘဝတိုးတတ်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကျန်းမာသော ဂေဟစနစ်ကိုထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ရပ်ကွက်နေပြည်သူများ၊ မြို့မိမြို့ဖများ စုစုပေါင်း(၇၄)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စွန့်ပစ်အမှိုက်စနစ်တကျ ခွဲခြားစွန့်ပစ်နည်းအကြောင်းအရာပါ နံရံကပ်ပိုစတာ အသိပညာပေးပြသထားခြင်းကို တက်ရောက်လာသူများမှု စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)