ချမ်းအေးသာစံ ဇွန် ၁၇
၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီးအဆင့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲကို ချမ်းအေးသာစံမြို့နယ် ဗဟိုအမျိုးသမီးဆေးရုံကြီး(မန္တလေး)၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
စုပေါင်းသွေးလှူဒါန်းနေမှုအား မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်မမ၊ နာယကအဖွဲ့များ၊ ဥက္ကဋ္ဌ ဒေါ်ချောစုဝင်းနှင့်အဖွဲ့ဝင်များ၊ ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး) ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းခိုင်တို့က လိုက်လံကြည့်ရှုအားပေးပြီး ကြက်ဥ၊ ငှက်ပျောသီး၊ အားဖြည့်အချိုရည်နှင့် အားဖြည့်အစားအစာများ ပေးအပ်ခဲ့ကြသည်။
ဗဟိုအမျိုးသမီးဆေးရုံကြီးရှိ ရောဂါဗေဒဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်ရီနှင့် အနုဇီဝဗေဒဆရာဝန်ကြီး ဒေါက်တာမေသူသူခိုင်နှင့် သွေးလှူဘဏ်ဝန်ထမ်းများက သွေးလှူရှင်များအား သွေးပေါင်ချိန်ခြင်း၊ ကိုယ်အလေးချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးမှုများနှင့် သွေးဖောက်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်မမနှင့် နာယကအဖွဲ့ဝင်များ၊ ဥက္ကဋ္ဌ ဒေါ်ချောစုဝင်းနှင့် အဖွဲ့ဝင်များက သွေးအိတ်များကိုလှူဒါန်းခဲ့ပြီး ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး) ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းခိုင်က လက်ခံရယူခဲ့ကာ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)