မိုးကောင်းမြို့ အ.ထ.က-နောင်ကိုင်တော်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်

မိုးကောင်း    ဇွန်  ၁၇

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဦးစီးမှူးရုံးက နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ခြင်းကို အ.ထ.က-နောင်ကိုင်တော်၌ ဇွန်(၁၆)ရက် နံနက်ပိုင်းတွင် ကွင်းဆင်းဆောင် ရွက်သည်။

ကျောင်းသား၊ ကျောင်းသူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုးကောင်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးမောင်မောင်ထွန်းက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ပတ်သက်၍ အသိပညာပေးပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများ၏ သိလိုသည်များကို ပြန်လည်ဖြေကြားသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက နိုင်၃(က) ကျောင်းသား (၇) ဦး၊ ကျောင်းသူ (၄၄)ဦးနှင့် နိုင်၆(က) ကျောင်းသူ(၁)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိုးကောင်းမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် (၂၀-၄-၂၀၂၆)ရက်နေ့မှ(၃၁-၇-၂၀၂၆)ရက်နေ့ထိ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပြားကွင်းဆင်းဆောင်ရွက်ခြင်းကို အခြေခံပညာကျောင်း(၁၅)ဆောင်ရွက်မည်ဖြစ်ရာ အ.ထ.က-ပင်းဘော၊ အ.ထ.က-၁(မိုးကောင်း)၊ အ.ထ.က-၂(မိုးကောင်း)ကျောင်းအသီးသီးတို့အား ဆောင်ရွက်ခဲ့ပြီး ကျန်ရှိနေသောကျောင်းများကို ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)