Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မော်လမြိုင်မြို့နယ်၌ (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 24,2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ (၂၄)ကြိမ်မြောက် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့၌ “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
Aug 24,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ၊အတတ်ပညာများတိုးပွားပြီး ဘဝတိုးတက်အောင်မြင်မှုရရှိရေး စာရေးဆရာမ ခင်စောတင့်၏ စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းကောင်စီအသင်း (၅)သင်း ဘောလုံးပြိုင်ပွဲနှင့် ဘင်ခရာတပ်ဖွဲ့သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Aug 24,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ အောင်လံမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းကောင်စီအသင်း(၅)သင်းဘောလုံးပြိုင်ပွဲနှင့် ဘင်ခရာတပ်ဖွဲ့သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ်(၁)နာရီက အောင်လံမြို့ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၁)ကျောင်းအားကစားကွင်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်တောမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်အသိပညာပေးပြုလုပ်
Aug 24,2023
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ နယ်လှည့်အသိပညာပေးဟောပြောပွဲ၊စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်၉နာရီက ပေါက်တောမြို့ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းစုပေါင်းခန်းမ၌ ကျင်းပ သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း ဗန်းမော်ခရိုင်အတွင်းရှိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များ တွေ့ဆုံ
Aug 24,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း တရားမဝင်ကုန်သွယ်မှုများ တိုက်ဖျက်ရေးအထူးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပြည်ပပို့ကုန် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ အဓိကထား ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းသည် သြဂုတ် ၂၃ ရက် မွန်းလွဲ ၁ နာရီက ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်ရှိ မြသီတာဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဆောင်ရွက်သည့် တိုင်းရင်းသားရိုးရာဂျပ်ခုပ် နည်းပညာသင်တန်း(ရက်ကန်းဒီဇိုင်း) ဖွင့်လှစ်သင်ကြားပေးလျက်ရှိ
Aug 24,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာနက ကြီးမှူးဖွင့်လှစ်ပေးခဲ့သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်သည့် တိုင်းရင်းသားရိုးရာဂျပ်ခုပ် နည်းပညာသင်တန်း (ရက်ကန်းဒီဇိုင်း)ကို ချင်းတိုင်းရင်းသားလူမျိုး အများဆုံးနေထိုင်သည့် ဘန့်ပြင်ကျေးရွာအုပ်စု၊ကြိုးကြာကျေးရွာတွင် ဩဂုတ်လ ၁၀ ရက်မှ စတင်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် လယ်ယာကဏ္ဍစာရင်းအင်းဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် စာရင်းအင်းအရည်အသွေး တိကျ၊ ပြည့်ဝ၊ မှန်ကန်ရေးဆိုင်ရာ ဆင့်ပွားအလုပ်ရုံ ဆွေးနွေးပွဲအခမ်းအနား တက်ရောက်
Aug 24,2023
စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာကဏ္ဍစာရင်းအင်းဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် စာရင်းအင်းအရည်အသွေး တိကျ၊ ပြည့်ဝ၊ မှန်ကန်ရေးဆိုင်ရာ ဆင့်ပွားအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီ/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးမှ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းခွင်အကြိုလေ့ကျင့်ရေးသင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Aug 24,2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းခွင်အကြို လေ့ကျင့်ရေး သင်တန်း(၁/၂၀၂၃)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန သင်တန်းကျောင်း၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9993
Page
9994
Page
9995
Page
9996
Current page
9997
Page
9998
Page
9999
Page
10000
Page
10001
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department