သတင်းများ

မုဒုံမြို့၌ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် လေယာဥ်ကွင်းအသစ် တည်ဆောက်ရေးစီမံကိန်း ဧရိယာများအတွင်းပါဝင်သော မြေဧရိယာများအတွက် မြေယာလျော်ကြေးငွေများပေးအပ်
Aug 24,2023
မွန်ပြည်နယ် မော်လမြိုင်မြို့အနီးတွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် လေယာဥ်ကွင်းအသစ်တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းဧရိယာအတွင်း ပါဝင်သော မြေဧရိယာများအတွက် လျော်ကြေးငွေများကို ယမန်နေ့က မုဒုံမြို့နယ်ရှိ ရွှေဟင်္သာခန်းမ၌ မြေပိုင်ရှင်ျား၏ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Aug 24,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)တွင် ကျင်းပသည်။
ငပု​တောမြို့နယ်၌ (၂၄)ကြိမ်မြောက် မြန်မာရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ နှစ်ရှည်ပင်မျိုးစုံ၂၇၁၉ ဧက စိုက်ပျိုးပြီးစီး
Aug 24,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံများ စိုက်ပျိုးထုတ်လုပ်သည့်အပြင် ယခုနှစ် နှစ်ရှည်ပင်မျိုးစုံ ၂၇၁၉ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)တွင် သတ္တမအကြိမ်မြောက် မိုးရာသီအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Aug 24,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သတ္တမအကြိမ်မြောက် မိုးရာသီအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းဝင်းအတွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့၊ အ.ထ.က(၁)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်း(၂)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 24,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ပန်းခင်း(၂) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဆန်စက်နှင့် ဆီစက်လုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Aug 24,2023
နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းကလယ်ဝေးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆန်စက်နှင့်ဆီစက်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ခမောက်ကြီးမြို့တွင် ကျောင်းအဆင့်စာစီစာကုံးပြိုင်ပွဲများ ပြုလုပ်
Aug 24,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် မိဘဆရာအသင်းနှင့်ကျောင်းအကျိုးတော်ဆောင်အဖွဲ့တို့မှ ဦးစီးကျင်းပသော ကျောင်းတွင်း ( မူ၊လယ်၊ထက် ) အဆင့်စာစီစာကုံးပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။