အောင်လံ ဩဂုတ် ၂၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ အောင်လံမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းကောင်စီအသင်း(၅)သင်းဘောလုံးပြိုင်ပွဲနှင့် ဘင်ခရာတပ်ဖွဲ့သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ်(၁)နာရီက အောင်လံမြို့ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၁)ကျောင်းအားကစားကွင်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဘင်ခရာတပ်ဖွဲ့မှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအား အလေးပြုခြင်း၊ နိုင်ငံတော်အလံအားအလေးပြုခြင်း၊ ပန်းပွားအဖွဲ့မှ သရုပ်ပြဖျော်ဖြေခြင်း၊ ကျောင်းကောင်စီ အသင်း (၅) သင်း အားကစားသမားများမှ အားကစားသစ္စာအဓိဌာန် သီဆိုခြင်း၊ အောင်လံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျောင်းသား၊ ကျောင်းသူများကို အမှာစကား ပြောကြားခြင်းနှင့် အခမ်းအနားအပြီးတွင် ဘင်ခရာတပ်ဖွဲ့တီးဝိုင်း ကျောင်းသား၊ ကျောင်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်လံ(ပြန်/ဆက်)