တောင်ငူမြို့ ၌ “လူငယ်ရေးရာ” အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 24,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက တောင်ငူမြို့၊ ကောင်းမှုတော် အခြေခံပညာမူလတန်းလွန်ကျောင်း၌ “လူငယ်ရေးရာ” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပသည်။