ကရသူရိမြို့၌ “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ကရသူရိ သြဂုတ် ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ၊အတတ်ပညာများတိုးပွားပြီး ဘဝတိုးတက်အောင်မြင်မှုရရှိရေး စာရေးဆရာမခင်စောတင့်၏ စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်အေးအေးသန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးတို့ကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် Book Club အဖွဲ့ဝင် ဒေါ်အိအိဖြူက စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်မှ “လမ်းလျှောက်ထွက်ကြမယ်” ခေါင်းစဉ်အားလည်းကောင်း၊ ဒေါ်ပန်းအိမွှေးက “ဘာကြောင့်မေ့တာလဲ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာသူများက စာအုပ်ပါအကြောင်း အရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာအုပ်သည် လူသားများ၏ ကျန်းမာရေးနှင့် အားကစားနည်းလမ်းများ၊ တိုးတက်အောင်မြင်ခြင်းနှင့် ယဉ်ကျေးလိမ္မာစေသည့် အကြောင်းအရာများစုံလင်စွာပါရှိပြီး စာဖတ်ပရိသတ်များအား အသိပညာပေး ရေးသားထားသည့် စာအုပ်တစ်အုပ်ဖြစ်ကြောင်းသိရသည်။

ကရသူရိ(ပြန်/ဆက်)