သတင်းများ

ဖျာပုံမြို့နယ်တွင် အခွန်ဆိုင်ရာဥပဒေရှင်းလင်းပွဲကျင်းပ
Aug 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဟိုတယ်/တည်းခိုခန်းလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ရွှေဆိုင်လုပ်ငန်းရှင်များ၊ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာဥပဒေများရှင်းလင်းခြင်းကို ဩဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ပြုလုပ်သည်။
ရွှေကျင်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Aug 24,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ဂန့်ဂေါ်ဝိုင်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း (ရွှေကျင်) ပညာရတနာခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ကျင်းပခဲ့သည်။
လားရှိုးမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် မန်နားကျေးရွာ ဒေသခံပြည်သူများတွေ့ဆုံပွဲကျင်းပ
Aug 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးတို့အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ဩဂုတ် ၂၂ ရက်နေ့ နံနက် (၁၀)နာရီအချိန်က လားရှိုးမြို့နယ်၊ ဟူးမွန်ကျေးရွာအုပ်စု၊ မန်နားကျေးရွာ အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ပြုလုပ်သည်။
သင်္ဃန်းကျွန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ
Aug 24,2023
နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် ကျောင်းသား‌၊ ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉း၃၀) အချိန်က သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း မြနီလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြောင်းမြမြို့ တောင်ပေါ်စုကျေးရွာတွင် အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်
Aug 24,2023
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် ခရိုင်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းဖြစ်သည့် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြောင်းမြမြို့ တောင်ပေါ်စုကျေးရွာ အောင်ချမ်းသာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြင်းခြံတက္ကသိုလ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါး အန္တရာယ်ကင်းစင်ရေးနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်
Aug 24,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံတက္ကသိုလ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါး အန္တရာယ်ကင်းစင်ရေးနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က အဆိုပါကျောင်း ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
တနိုင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) လမုန်တွင် ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Aug 24,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဘောက်နော်နှင့် ဝန်ထမ်းများသည် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)လမုန်၌ သြဂုတ် ၂၂ ရက်နေ့ နံနက် (၉) နာရီက ပန်းခင်းစီမံချက် (၂) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကွန်ပျူတာအခြေခံသင်တန်း (၁/၂၀၂၃)ဖွင့်ပွဲ ကျင်းပ
Aug 24,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၁/ ၂၀၂၃)ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။ သင်တန်းဖွင့်ပွဲတွင် ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် ကွန်ပျူတာ(၅)လုံး၊ ဆက်စပ်ပစ္စည်းများဖြင့် ကွန်ပျူတာအခြေခံသင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊