သတင်းများ

မိတ္ထီလာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ အသက်(၇၅)နှစ်ပြည့် အဖွဲ့ဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Aug 24,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ အသက်(၇၅)နှစ်ပြည့်အဖွဲ့ဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်က အဆိုပါရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ် မဏိရတနာရာမတောရ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ မုန့်ရောင်းပွဲတော်ကျင်းပ
Aug 24,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ဆင်ရွာကြီးကျေးရွာအုပ်စု၊ ဆင်ရွာတောကျေးရွာရှိ မဏိရတနာရာမတောရ ဘုန်းတော်ကြီး သင်ပညာရေးမူလွန်ကျောင်း၌ မုန့်ရောင်းပွဲတော်ကျင်းပခြင်းကို ယနေ့နံနက် ၇ နာရီကစတင်၍ မြန်မာမုန့်အမျိုးမျိုးတို့ကို သန့်ရှင်းစွာပြုလုပ်၍ မုန့်ရောင်းပွဲတော် ကျင်းပလျက်ရှိသည်။
လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး၏ ၉၅၁ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းသပိတ်လောင်းလှူ
Aug 24,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ရှိ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး၏ ၉၅၁ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့ ဝါခေါင်လဆန်း(၈)ရက်နေ့တွင် လောကနန္ဒာဘုရားကြီးရင်ပြင်တော်ပေါ် နံနက် ၉ နာရီအချိန်က ဆွမ်းသပိတ်လောင်းလှူခြင်းဖြင့်ကျင်းပခဲ့ကြောင်း သိရသည်။
ရပ်စောက်မြို့ သမဝါယမအသင်းစုလီမိတက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ
Aug 24,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက်၁၀နာရီက ရဿဝတီခန်းမ၌ ကျင်းပသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 24,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ အသေးစားစက်မှုလက်မှုလုပ်ငန်းများထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲက အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာ‌ပေးဟောပြောပွဲကို ခရိုင်ပြည်သူ့စာကြည့်တိုက်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
လားရှိုးတွင် ခရိုင်အဆင့်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးပြုလုပ်
Aug 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခရိုင်အဆင့်မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
တနင်္သာရီမြို့ လူထုအခြေပြုဗဟိုဌာနတွင် Woman Club အဖွဲ့နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်
Aug 24,2023
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ Woman Club ဆန္ဒတူ ဝါသနာတူ အမျိုးသမီးများအဖွဲ့နှင့်ပူးပေါင်း၍ ဒေသခံပြည်သူများ ဗဟုသုတတိုးတက်မြင့်မာရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာအုပ်စာပေနှင့် ရင်းနှီးထိတွေ့မှု ပိုမိုတိုးတက်လာစေရေးနှင့် စာကြည့်တိုက်ကို အသုံးပြုသူဦးရေတိုးတက် လာစေရေးရည်ရွယ်၍ ယမန်နေ့မွန်းလွဲ (၁) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမအတွင်း စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ၏ “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြသည်။
ဒိုက်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ​ ကုန်မျိုးစုံရောင်းချနေသောဆိုင်များရှိ အာဟာရဖြည့်စွက်စာအမျိုးမျိုးအား လိုက်လံစစ်ဆေး
Aug 24,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် စားသုံးသူ​ရေးရာဦးစီးဌာန​မှမြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့်ဝန်ထမ်းများသည် ယမန်နေ့နံက်ပိုင်းကဒိုက်ဦးမြို့ မြို့မစျေးအပြင်တန်းရှိ ကုန်မျိုးစုံရောင်းချနေသောဆိုင်များရှိ အာဟာရဖြည့်စွက်စာအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားမျာအား မြန်မာဘာသာဖြင့်ဖော်ပြထားမှုရှိ/မရှိစျေးကွက်စောင့်ကြည့်စစ်ဆေး​ ဆောင်ရွက်ခဲ့သည်။