သင်္ဃန်းကျွန်း ဩဂုတ် ၂၇
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန သင်္ကန်းကျွန်းပညာရေး ဒီဂရီကောလိပ် တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ဆရာမများ အထောက်အကူပြု ဆွေးနွေးပွဲ (၂/၂၀၂၃)ပိတ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီခွဲက သင်္ကန်းကျွန်းပညာရေး ဒီဂရီကောလိပ်ရှိ ပညာနေခြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်္ကန်းကျွန်းပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာငြိမ်းသီအောင်က သင်တန်းပြီးမြောက်ကြောင်းလက်မှတ်ကို မြို့နယ် ကိုယ်စားပြုဆရာမများအားပေးအပ်ခဲ့ပါသည်။ သင်တန်းသား၊ သင်တန်းသူများက ” မင်္ဂလာပါ ” ၊ ”တို့ကရင်နှစ်သစ်ကူးကို အလည်လာခဲ့ပါ” နှင့် ”မဟာနွယ်” သီချင်းများဖြင့် ကပြဖျော်ဖြေ ခဲ့ကြပါသည်။
ထိုနောက် တိုင်းရင်းသားရေးရာဝန်ကြီးက သင်တန်းသား၊ သင်တန်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ အခမ်းအနားသို့ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဆရာ၊ဆရာမများ (၁၀၀)ဦးခန့်တက် ရောက်ခဲ့ကြောင်း သတင်းရသည်။
လှလှနွယ်(ပြန်/ဆက်)