မင်းပြားမြို့၌ စားသုံးသူအကာအကွယ်ပြုရေးအသိပညာပေးဟောပြောပွဲကျင်းပ

မင်းပြား သြဂုတ် ၂၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၈ နာရီက ကန့်ကော်မြိုင်အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်သန်းဝင်းက ကန့်ကော်မြိုင်အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူအကာပြုရေးအတွက်စားသုံးသူနှင့် လုပ်ငန်းရှင်အကြားသဟဇာတရှိရေး၊ စားသုံးသူများ၏နစ်နာဆုံးရှုံးမှုအား အကာအကွယ်ပြုရေး၊ စားသုံးသူများ၏ အကျိုးခံစားခွင့်များအား အကျယ်တဝင့်အသိပညာပေးဟောပြောခဲ့ရာ ကန့်ကော်မြိုင်အခြေခံပညာကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်ဝေက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။​

သောင်းရွှေ (ပြန်/ဆက်)