တွံတေး သြဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၂၅ ရက်နေ့ နံနက်၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်မှ အဖွင့်အမှာစကား ပြောကြားပြီး အတွင်းရေးမှူးဖြစ်သည့် လူမှုဝန်ထမ်းဦးစီးဌာန ဒေါ်သန်းသန်းမြင့်မှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးပြီး မြို့နယ်စီမံအဖွဲ့ဝင်(၁) ဗိုလ်မှူးသုတအောင်၊ စီမံအဖွဲ့ဝင်(၂) ဦးဝင်မြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တက်ရောက်လာသည့် ကော်မတီအဖွဲ့ အသီးသီးမှ လုပ်ငန်းဆောင်ရွက်နေမှုများအား တင်ပြဆွေးနွေးခဲ့ကြကာ ကော်မတီဥက္ကဋ္ဌမှ လိုအပ်ချက်များအားပြန်လည်၍ ဖြည့်စွတ်ဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အဆင့်ကော်မတီဝင် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တွံတေးသား