ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ ကြို့ပင်ကောက်မြို့၌ ဆပ်ပြာကုန်ကြမ်းထုတ်လုပ်နေမှုအား ကြည့်ရှု့အားပေး

ကြို့ပင်ကောက်  ဩဂုတ်  ၂၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ နွယ်ခွေရပ်ကွက်အတွင်းရှိ လုပ်ငန်းရှင်း ဦးဆန်းထူး၏ ဆပ်ပြာကုန်ကြမ်းထုတ်လုပ်နေမှုအား သွားရောက်ကြည့်ရှု့ အားပေးခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်မှ လုပ်ငန်းရှင် ဦးဆန်းထူးအား ဆပ်ပြာကုန်ကြမ်းထုတ်လုပ်ခြင်းမှ အဆင့်တိုး၍ ကုန်ချောထုတ်လုပ်နိုင်ရေးနှင့် လုပ်ငန်းတိုးချဲ့ရန် အကူအညီများလိုအပ်ပါက ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း စွန့်ပစ်ပစ္စည်းများမှ လူသုံးကုန်ပစ္စည်းများထုတ်လုပ်၍ ဒေသတွင်း MSME ကုန်ထုတ်လုပ်ငန်းများ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း မှာကြားခဲ့သည်။

ဆပ်ပြာကုန်ကြမ်းအား စွန့်ပစ်ပစ္စည်း စပါးခွံများကိုဖွဲမီးဖိုးများတွင် အသုံးပြု၍ ထွက်လာသော ဖွဲပြာအား ကောစတစ်ဆိုဒါဖြင့်ရော၍ ပေါင်းခံပြီး ရရှိသောအရည်ကြည်အား မီးပြင်းပြင်းဖြင့် တစ်နာရီခန့်ကျိုပြီး အအေးခံကာထုတ်လုပ်ခြင်းဖြစ်ကြောင်း အဆိုပါဆပ်ပြာကုန်ကြမ်းများကို ရန်ကုန်တိုင်းဒေသကြီး မြောင်းတကာဆပ်ပြာစက်ရုံများသို့ ပေးပို့ရောင်းချလျှက်ရှိကြောင်း လုပ်ငန်းရှင် ဦးဆန်းထူးထံမှ သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)