ရွှေတောင် သြဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်တို့က တိုင်းဒေသကြီး /ခရိုင် /မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ၍ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦမျိုးဆွေဝင်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်တို့သည် တိုင်းဒေသကြီး /ခရိုင် /မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ၍ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက် အထက(ရွှေတောင်) ကျောင်းဝန်းအတွင်းရှိ စက်မှု၊စိုက်ပျိုးရေးနှင့် မွေးမြူးရေးသင်တန်းကျောင်းသွားရောက်၍ ကျောင်းသား/ကျောင်းသူများ ပညာသင်ယူနေမှု အခြေအနေများ၊ သင်ကြားရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများနှင့် အခြားလိုအပ်ချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ သင်ကြားရေးဆိုင်ရာလိုအပ်များအပေါ် လမ်းညွှန်မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦမျိုးဆွေဝင်းသည် ရွှေတောင်မြို့နယ်၊ တောဟိုင်ကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေဖြင့် မိုးစပါးစံပြ (ရတနာတိုး) ဧက(၅၀) စိုက်ခင်း စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေနှင့် ပေါင်းမြက်ရှင်းလင်းခြင်းနှင့် သဘာဝမြေသြဇာကျဲပက်ခြင်း အခမ်းအနားသို့ တက်ရောက်၍ ဝန်ကြီးချုပ်မှ ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး ဒေသနှင့်ကိုက်ညီသည့် သက်တမ်းတိုစပါးမျိုးစိုက်ပျိုးရေး၊ ဒုတိယသီးနှံဖြစ်သည့် ပဲတီစိမ်း၊ မတ်ပဲ ဆီထွက်သီးနှံများ အချိန်မှီစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းဖြစ်သည့် နွား၊ ဆိတ်တို့အား တိုးချဲ့မွေးမြူဆောင်ရွက်ရေးတို့ကို အကျယ်တဝင့် ရှင်းလင်းမှာကြားခဲ့ရာ ဒေသခံတောင်သူများနှင့် တာဝန်ရှိသူများမှ ဒေသတွင်းစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် ထပ်မံဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်က လိုအပ်ချက်များကို လမ်းညွှန်မှာကြားပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)