မိုးညိုမြို့နယ်၌ ဆန်တစ်ပြည်လျှင်၂၅၀၀ ကျပ် သက်သာသောဈေးနှုန်းဖြင့်‌ ရောင်းချပေး

မိုးညို ဩဂုတ် ၂၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူ‌ရေးရာဦးစီးဌာန၊ ဆန်လုပ်ငန်းရှင်များ ပူးပေါင်း၍ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်တစ်ပြည်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် ယနေ့နံနက်ပိုင်းကစ၍‌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် ကိုယ်တိုင်စိုက်ပျိုး/မွေးမြူထုတ်လုပ်သူများ တိုက်ရိုက်အရောင်းဆိုင်နှင့် ရွှေဥဒေါင်းရပ်ကွက်ရှိ အောင်မေတ္တာ၊ သစ်ဆန်း၊ ဒို့မိုးညို၊ သခင်လှရှိန်ရပ်ကွက်ရှိ ပတ္တမြား၊ စိန်ထိပ်တန်း၊ သပြေပင်ကျေးရွာရှိ ဆန်းသော်တာ၊ စည်ပင်သာယာဈေးအတွင်းရှိ ဦးခင်နိုင် စသည့်ဆန်စပါးရောင်းဝယ်ရေး အရောင်းဆိုင်များတွင် သက်သာသောဈေးနှုန်ူဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)