ကော့ကရိတ် သြဂုတ် ၂၇
လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် (၁၁) နာရီခွဲအချိန်က ဝဲကင်းအံကျေးရွာ အ.ထ.ကခွဲ ကျောင်းသူ/ကျောင်းသားများကို ကျေးရွာဘုန်းကြီးကျောင်းဓမ္မာရုံ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မျိုးဝင်းက လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တခေါင်းစဥ်တို့ကိုလည်းကောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးအောင်က လူငယ်နှင့်အားကစား အကြောင်းတို့ကိုလည်းကောင်း၊ ကာယဆရာ ဦးအောင်ဇင်သက် ကကိုယ်ကာယလေ့ကျင့်ခြင်း သိကောင်းစရာတို့ကိုလည်းကောင်း ဟောပြောခဲ့ကြသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝဲကင်းအံ အ.ထ.ကခွဲကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။ ယင်းနောက် ကျောင်းသူ/ကျောင်းသား များသည် ခရိုင်ပြန်ဆက်ဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှု့လေ့လာခဲ့ကြပြီး ကိုယ်ကာယလေ့ကျင့်ခြင်း အနေဖြင့် fitness danceကို ကာယဆရာများနှင့်အတူ ကျောင်းသူ/ကျောင်းသားများ စိတ်ပါဝင်စားစွာဖြင့် ကိုယ်ကာယလေ့ကျင့်မှုများ လိုက်ပါဆောင်ရွက်ကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)