ဇေယျာသီရိမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပ

ဇေယျာသီရိ ဩဂုတ် ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကို ဩဂုတ်လ၂၉ရက်နေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဇေယျာသီရိမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဇေထက်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့်ဇေယျာသီရိမြို့နယ်အတွင်း ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ကော်မတီဝင်များက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အထွေထွေအကြံပြုချက်များ ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌက ကလေးသူငယ်များရပိုင်ခွင့်နှင့်လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ၊ အသိပညာပေးလုပ်ငန်းများ မြို့နယ်အတွင်း ဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)