ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မအူချောင်းအတွင်းသို့ ငါးသားဖောက်ကောင်ရေ (၈)သိန်းငါးမျိုးစိုက်ထည့်

ဒဂုံအရှေ့ ဩဂုတ် ၃၀

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန လှော်ကားငါးလုပ်ငန်းစခန်းနှင့် လေးထောင့်ကန် ငါးလုပ်ငန်းစခန်းမှ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မအူချောင်းအတွင်းသို့ ငါးသားဖောက်ကောင်ရေ (၈)သိန်းအား ငါးမျိုးစိုက်ထည့်ခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ငါးမျိုးစိုက်ထည့်ခြင်းတွင် လှော်ကားငါးလုပ်ငန်းစခန်းနှင့် လေးထောင့်ကန်ငါးလုပ်ငန်းစခန်းတို့မှ ရွှေဝါငါးကြင်းသားဖောက်ကောင်ရေ (၁)သိန်း၊ ငါးခုံးမကြီးသားဖောက်ကောင်ရေ (၃)သိန်းနှင့် ငါးမြစ်ချင်းသားဖောက်ကောင်ရေ (၄)သိန်း၊ စုစုပေါင်း ငါးသားဖောက်ကောင်ရေ (၈)သိန်းတို့ကို ငါးမျိုးစိုက်ထည့်ခြင်းသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးတင့်လွင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂) ဦးတင်ဝင်း၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်တက်ရောက်၍ ငါးသားပေါက်များ စိုက်ထည့်ခဲ့ကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်ဆက်)