ပြည်မြို့၌ ပန်းခင်းစီမံချက်အဆင့်(၂) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ပေးအပ်ပွဲ

ပြည် သြဂုတ် ၃၁

ပဲခူတိုင်းဒေသကြီး၊ ပြည်မြို့၊ မှော်ဇာအုပ်စု တောင်လုံးညိုကျေးရွာဓမ္မရုံ၌ ဩဂုတ်လ ၂၉ နေ့ နံနက် ၁၀ နာရီက ပန်းခင်းစီမံချက် အဆင့်(၂) အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ကျင်းပပြုလုပ်သည်။

ပြည်မြို့နယ်၊ မှော်ဇာအုပ်စု၊ တောင်လုံးညိုကျေးရွာမှ အသက် (၁၈) နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများနှင့် အသက် (၁၆) နှစ်နှင့် (၁၈) ကြားနိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများ EID စာရင်းမှ ကျန်ရှိနေသူများအားလုံး ကွင်းဆင်းဆောင်ရွက်ပေးပေးနေမှုအား ပြည်ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရဲနောင်က နိုင်ငံသားစိစစ်ရေးကတ်သည် မရှိမဖြစ်လိုအပ်သောအရာဖြစ်ပြီး အလွန်အရေးကြီးကြောင်း အသိပညာပေးဟောပြောပြီး ပြည်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရဲနောင်နှင့် ပြည်မြို့နယ်၊ လဝကမြို့နယ်ဦးစီးမှူး ဦးဇော်နိုင်သန်းတို့က နိုင်ငံသားစိစစ်ရေးကတ်ပြား ( ၄၀) အား ပြည်သူများလက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါမှော်ဇာအုပ်စုတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် (၃) ကြိမ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၃၉) ခုအား ပြုလုပ်ပေးအပ်ပေးပြီးဖြစ်ကြောင်း သိရသည်။

ကိုစိုး (ပြည်)