ထန်းတပင်(ရန်ကုန်) ဩဂုတ် ၃၀
၂၀၂၃ခုနှစ်၊ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်လွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်နှင့် သက်ဆိုင်ဌာနများမှ တာဝန်ရှိသူများ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ မြို့နယ်ဂုဏ်ဆောင်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဆွေးနွေးခဲ့ကြပြီး ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်း ခရိုင်အဆင့်ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် (၅)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အဆိုပြိုင်ပွဲသို့ ဝါသနာရှင် (၂)ဦး၊ အတီးပြိုင်ပွဲသို့ ဝါသနာရှင် (၂)ဦးနှင့် အရေးပြိုင်ပွဲသို့ဝါသနာရှင် (၁) ဦးတို့ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင် သိရသည်။
ဇင်မင်းထိုက် (ထန်းတပင်)