မိုင်းဖြတ် သြဂုတ် ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်သည့် စုပေါင်းသန့်ရှင်းရေးကို သြဂုတ်လ၃၀ရက်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဇော်မင်းဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့်တာဝန် ရှိသူများ၏ ဦးဆောင်မှုတို့ဖြင့် တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက မြို့နယ်ပြည်သူ့ဆေးရုံအတွင်းရှိ သစ်ပင်ချုံနွယ်များ၊ အမှိုက်များ၊ ပေါင်းမြက်များကို ခုတ်ထွင်ရှင်လင်းဖယ်ရှားခဲကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)