ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အသေးစား၊ အငယ်စား အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး အောင်သံဆန်ကာလုပ်ငန်းသို့ သွားရောက်မေးမြန်း

ဒဂုံမြောက် ဩဂုတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် အသေးစား၊ အငယ်စား အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အမှတ်(၃၄)ရပ်ကွက် စီးပွားဖွံ့ဖြိုးတိုးတက်မှုဇုန်၊ ဦးဝိစာရလမ်း၊ အေ-(၄၀)ရှိ‌ အောင်သံဆန်ကာထုတ်လုပ်‌ရေးလုပ်ငန်းမှ ဦးမြင့်ဇော်စိုး အား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သွားရောက်မေးမြန်းခဲ့ရာ ယခုကဲ့သို့‌ ဖြေကြားခဲ့သည်။

အောင်သံဆန်ကာ လုပ်ငန်းစတင်တည်‌ထောင်မှုနဲ့ လုပ်ငန်းလည်ပတ်ပုံကို  သိရှိနိုင်ရန်မေးမြန်းခဲ့ရာ “ကျွန်တော်တို့ လုပ်ငန်းကို ၁၉၈၈ ခုနှစ်မှာ စတင်လုပ်ဆောင်ခဲ့ကြောင်း၊ အောင်သံဆန်ကာလို့ပဲ လုပ်ငန်းစတင်ကတည်းက နာမည်ပေးခဲ့ကြောင်း၊ ကုန်ကြမ်းများကို တရုတ်ပြည်မှ မှာယူတင်သွင်းကြောင်း၊ သံဆန်ကာအမျိုးအစားများအနေနဲ့ အဓိကအုပ်စု (၃)မျိုးခွဲခြားထားကြောင်း၊ လေးထောင့်ကွက်သံဆန်ကာ၊ Chain Link လို့ခေါ်တဲ့ဝန်းသံဆန်ကာ၊ ဆူးကြိုးအုပ်စုထဲမှာဆိုရင် ရိုးရိုးဆူးကြိုးနှင့် ဘလိတ်ဓါးဆူးကြိုး နှစ်မျိုးခွဲထားကြောင်း၊ သံဆန်ကာနဲ့ Chain Link အလုံးအကြီးအသေး အကွက်အစိတ်အကျဲနှင့် ဂိတ်ပေါ်မူတည်ပြီး ထုတ်လုပ်ကြောင်း၊ တစ်လလျင် ၆ ပေ၊ ၈ ပေ အချပ်ရေ ၁၀၀၀ ဝန်းကျင်ခန့်၊ Chain Link ၅ ပေ၊ ၄၀ ပေ အလိပ် ၉၀၀ ဝန်းကျင်ခန့် ထုတ်လုပ်လျက်ရှိပြီး မြို့နယ်အတွင်းရှိ ကုန်မာဆိုင်များအပြင် နိုင်ငံတစ်ဝန်းသို့   စော်ဘွားကြီးကုန်းဆိုင်မှတစ်ဆင့် ဖြန့်ဖြူးပေးကြောင်း၊ ရောင်းချပေးမှုအနေဖြင့် လက်လီနှင့် လက်ကားဖြန့်ဖြူးရောင်းချပေးနေကြောင်း သံဆန်ကာလုပ်ငန်းလုပ်ကိုင်သူ ဦးမြင့်ဇော်စိုးထံမှ သိရသည်။          

မြင့်မြင့်ရီ(ပြန်/ဆက်)