သတင်းများ

မန္တလေးမြို့ သန့်ရှင်းသာယာလှပစေရန် ကမ်းနားလမ်းနှင့်သင်္ဂဇာချောင်းအတွင်း သန့်ရှင်း‌လုပ်ငန်းများဆောင်ရွက်
Aug 30,2023
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် ကမ်းနားလမ်းနှင့်သင်္ဂဇာချောင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စီမံချက်ချမှတ်၍ သက်ဆိုင်ရာဌာနများ လုပ်ငန်းကဏ္ဍအသီးသီးအလိုက် နေ့စဥ်ဆောင်ရွက်လျက်ရှိသည်။
ပုသိမ်မြို့ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းပြုလုပ်
Aug 30,2023
လူငယ်များဗလငါးတန်ပြည့်စုံ၍ ထူးချွန်ထက်မြက်သည့်လူငယ်များ ဖြစ်လာစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုမှု ပြုတတ်စေရန်အတွက် ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၈/၂၀၂၃) သို့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်
Aug 30,2023
ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၈/၂၀၂၃) ကို သြဂုတ်လ ၂၉ ရက်နေ့ ညနေ ၃ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ် စီးပွားရေးရာဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်အမှာစကား ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ တလုပ်လှငါးလုပ်ငန်းစခန်းတွင်ဖွင့်လှစ်သည့် ငါးဆေးထိုးသားဖောက်ခြင်းသင်တန်း (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး
Aug 30,2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် မအူပင်မြို့နယ် တလုပ်လှအရှေ့ ကျေးရွာအုပ်စုရှိ တလုပ်လှငါးလုပ်ငန်းစခန်းတွင် ဖွင့်လှစ်သည့် ငါးဆေးထိုးသားဖောက်ခြင်းသင်တန်း (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့ ယမန်နေ့နံနက် (၁၀) နာရီက တက်ရောက်အားပေးခဲ့သည်။
ကျွန်းလှမြို့နယ်၌ မိုးစပါး ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စိုက်ခင်းအတွင်း သမန်းနှိုး ပေါင်းထိုးခြင်းနှင့်သဘာဝမြေဩဇာထည့်သွင်းခြင်းဆောင်ရွက်
Aug 30,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စိုက်ခင်းအတွင်း သမန်းနှိုး ပေါင်းထိုးခြင်းနှင့် သဘာဝမြေဩဇာထည့်သွင်းကို ယမန်နေ့နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းကောက်ကျေးရွာအုပ်စုတွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ
Aug 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကွင်းကောက်ကျေးရွာအုပ်စုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိကြသည်။
ကော့သောင်းမြို့တွင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲပြုလုပ်
Aug 30,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ယာဉ်စည်းကမ်းနှင့်လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းကမူလွန် (ရွှေပြည်သာ) ကျောင်းတွင် ပြုလုပ်ခဲ့သည်။
ဘုတ်ပြင်းမြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးမြေစိုက်ဘုတ်စိုက်ထူပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Aug 30,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့တွင် ယနေ့နံနက်က အောင်မင်္ဂလာရပ်ကွက်ရှိ မြို့မဈေး လမ်းဆုံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးမြေစိုက်ဘုတ်စိုက်ထူပြီး အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။