ရပ်စောက်မြို့ အမှတ်(၁)အခြေခံပညာအထက်ကျောင်းတွင် မိုးရာသီ ကျောင်းကောင်စီ ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

ရပ်စောက် စက်တင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ရပ်စောက်မြို့ အခြေခံပအညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မိုးရာသီကျောင်းကောင်စီ ဘောလုံးပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ဩဂုတ်လ၃၀ရက်နေ့ မွန်းလွဲ၂နာရီက အဆိုပါကျောင်းဝန်းအတွင်းရှိ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ဆုပေးပွဲအခမ်းအနားတွင် အမှတ်()အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်သီတာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အထက်တန်းအဆင့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဆက်လက်ကျင်းပသည်။

၎င်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ မိုးရာသီကျောင်းကောင်စီ ဘောလုံးပြိုင်ပွဲ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်တို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့်အသင်းများနှင့် တစ်ဦးချင်းအကောင်းဆုံးဆုများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးမြတ်သူ၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။  

အဆိုပါ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ရပ်စောက်)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီ ကျောင်းကောင်စီအသင်းလှုပ်ရှားမှု ဘောလုံးပြိုင်ပွဲကို ဩဂုတ်၂၁ ရက်မှ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း ကျောင်းကောင်စီအသင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မြို့နယ်ပြန်/ဆက်