သရက်မြို့၌ စားသုံးဆီများကို သက်သာဈေးနှုန်းဖြင့် ရောင်းချနေမှုအား ကွင်းဆင်းကြီးကြပ် ဆောင်ရွက်

သရက် စက်တင်ဘာ ၁

မကွေးတိုင်းဒေသကြီး သရက်မြို့တွင် စားသုံးဆီများကို သက်သာဈေးနှုန်းဖြင့် ရောင်းချနေမှုအား ကွင်းဆင်း ကြီးကြပ်ဆောင်ရွက်ခြင်းကို ဩဂုတ်လ ၃၀ ရက်နေ့ နံနက်(၈)နာရီက ဦးရှိုးတီ(ခ) ရှိုးစားသုံးဆီ ရောင်းဝယ်ရေးဆိုင်တွင် ရောင်းချနေမှုအား စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်ဆောင်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါစားသုံးဆီများ ရောင်းချပေးရာတွင် စားသုံးဆီတစ်ပိသာ (၄၆၀၀)ကျပ် ရောင်းချပေးလျက်ရှိရာ ဆီပိသာ (၅၅၀)ပိသာအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)