ပင်လောင်း စက်တင်ဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်ကို ယနေ့မွန်းလွဲပိုင်း ၁ နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ဆက်လက်ယှဉ်ပြိုင်းကစားခဲ့ကြောင်း သိရသည်။
ဘောလုံးပြိုင်ပွဲ (၁၆)သင်းအဆင့် ရှုံးထွက်ပထမပွဲစဉ်တွင် ပိန္နဲကုန်း ဘောလုံးအသင်းက Youth Camp PL ဘောလုံးအသင်းအား နှစ်ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ဒုတိယပွဲစဉ်တွင် ဗန်းမောက် ဘောလုံးအသင်းက ကျောင်းယ FC ဘောလုံးအသင်းအား ငါးဂိုး တစ်ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြသည်။
အဆိုပါ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဘောလုံးအသင်းစုစုပေါင်း (၂၈) သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး၊ ပြိုင်ပွဲအား ဩဂုတ်လ ၁၁ ရက်နေ့က စတင်ယှဉ်ပြိုင်ကစားကြပြီး စက်တင်ဘာလ ၁၀ ရက်တွင်း ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)