ကျိုက်ထိုမြို့နယ်တွင် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိ

ကျိုက်ထို စက်တင်ဘာ ၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူ ထုတ်လုပ်ဖြန့်ဖြူးသူများက သက်သာသောဈေးနှုန်းများဖြင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ စက်တင်ဘာ ၁ ရက်နေ့ နံနက် ၇နာရီက မြို့မဈေးဝင်းအတွင်း ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ရောင်းချရာတွင် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် အမဲသားတစ်ပိဿာ (၁၃၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာ (၁၄၅၀၀) ကျပ်၊ ကြက်သားတစ်ပိဿာ (၇၅၀၀)၊ ဧည့်မထဆန် (၁) ပြည် (၂၅၀၀) ကျပ်၊ စားအုန်းဆီတစ်ပိဿာ (၇၀၀၀) ကျပ်၊ ကြက်ဥ (၁) လုံး (၂၅၀) ကျပ်၊ ငါးတန်တစ်ပိဿာ (၅၀၀၀) ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာ (၅၅၀၀) ကျပ်၊ ငါးမုတ်တစ်ပိဿာ (၅၅၀၀) ကျပ်စသည့် စားကုန်ပစ္စည်းများအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများမှစနစ်တကျ ဝယ်ယူအားပေးလျက်ကြောင်း သိရသည်။

 မြိုနယ် (ပြန်/ဆက်)