ဖျာပုံမြို့ အခွန်လွတ်စျေးတွင် ဆန်(၁) ပြည် (၂၅၀၀)ကျပ်နှုန်း၊ ဆီ(၁)ပိဿာ(၄၅၀၀) ကျပ်နှုန်းဖြင့်ရောင်းချပေး

ဖျာပုံ   စက်တင်ဘာ   ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၊ အမှတ် (၁၂)ရပ်ကွက်၊ အခွန်လွတ်စျေးတွင် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ဦးဆောင်မှုဖြင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ဆန်(၁) ပြည် (၂၅၀၀)ကျပ်နှုန်း၊ ဆီ(၁)ပိဿာလျှင် (၄၅၀၀) ကျပ်နှုန်းဖြင့် ယမန်နေ့ နံနက်ပိုင်းအချိန်ကအဆိုပါအခွန် လွတ်စျေးတွင်ရောင်းချ ပေးလျက်ရှိကြသည်။

ထိုသို့ ဆန်(၁) ပြည် (၂၅၀၀)ကျပ်နှုန်း၊ ဆီ(၁)ပိဿာ (၄၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးရာတွင် ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲလင်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဦးစီးအရာရှိ ဒေါ်သက်သက်ကြူနှင့် ဝန်ထမ်းများသည် အခွန်လွတ်စျေးတွင်ပြည်သူများ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံး နိုင်စေရန်လူတစ်ဦးလျှင်အချွန် ဆန်(၁) ပြည်ကို (၂၅၀၀)ကျပ်နှုန်းနှင့် ဆီ တစ်ပိဿာ (၄၅၀၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင်အချွန်ဆန်တစ်ပြည်နှင့်ဆီ (၃၀)ကျပ်သားရောင်းချပေးလျက် ရှိကြောင်းသိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)