သရက် စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကိုယ်တိုင်စိုက်ပျိုး မွေးမြူ၊ ထုတ်လုပ်သူများမှ ပြည်သူများအား သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက် (၆:၃၀)နာရီက မြို့မဈေးကြိးရှေ့တွင် ရောင်းချလျက်ရှိသည်။
အဆိုပါ ပစ္စည်းများ ရောင်းချပေးရာတွင် ပြည်သူများ သက်သာချောင်ချိရေးအတွက် ကြက်သား (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ဆိတ်သားတပိဿာလျှင်(၁၆၀၀၀)ကျပ်၊ ကြက်ဉတစ်လုံးလျှင် (၂၂၀)ကျပ်၊ စားအုန်းဆီတပိဿလျှင် (၄၆၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စု(၂၀၀)အား သရက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးဝန်ထမ်းများ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက ဈေးနှုန်းချိုသာစွာနှင့် တိုက်ရိုက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)