သံတွဲ စက်တင်ဘာ ၁
သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများ နည်းပညာများကို ကျွမ်းကျင်စွာတတ်မြောက်ပြီး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရေးအတွက် PowerDirector Software VIDEO တည်းဖြတ်နည်း သင်တန်းကို ယနေ့နံနက် ၉ နာရီက သံတွဲခရိုင် လူထုအခြေပြု ဗဟိုဌာန (Community Centre) အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အသစ်ထပ်မံချမှတ်သည့် ဦးတည်ချက် (၉)ရပ်နှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သင်တန်းကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးရာ သံတွဲခရိုင်အတွင်းရှိ ဝန်ထမ်း(၁၄)ဦးတက်ရောက်ကြပြီး သင်တန်းနည်းပြအဖြစ် ခရိုင်ရုံးမှ ဓာတ်ပုံကျွမ်းကျင်(၂) (အင်အားပြ) ဦးနေမျိုးအောင်က သင်ကြားပို့ချပေးလျက်ရှိကြောင်းသိရသည်။
သန့်ဇင်(ခရိုင်ပြန်/ဆက်)