တန့်ယန်း စက်တင်ဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား သမဝါယမဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မိုးစပါးစိုက်ပျိုးရေးစီမံကိန်း သွင်းအားစုပံ့ပိုးချေးငွေများပေးအပ်ခြင်းနှင့် ထပ်ဆင့်စာချုပ်ချုပ်ဆိုပေးအပ်ခြင်းအခမ်းအနားကို သြဂုတ်လ ၃၀ ရက်က နမ့်ဟူးလွယ်ကာကျေးရွာ၌ တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ပေးအပ်ခဲ့သည်။
အဆိုပါ မိုးစပါးစိုက်ပျိုးရေးစီမံကိန်း သွင်းအားစုပံ့ပိုးချေးငွေများ ပေးအပ်ခြင်းအခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာနမှူး ဦးအောင်မင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးလှစိုးဝင်းတို့က သွင်းအားစုပံ့ပိုးချေးငွေ ထပ်ဆင့်စာချုပ်ပေးအပ်ရခြင်းနှင့်ပတ်သက်သည်များကို တောင်သူများအား ရှင်းလင်းပြောကြားကာ နမ့်ဟူးလွယ်ကာနှင့် ပန်ညောင်ကျေးရွာစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း နှစ်သင်းအား တစ်ဧကလျှင် နှစ်သိန်းနှုန်းဖြင့် စိုက်ပျိုးဧက ၂၀၀ အတွက် စုစုပေါင်းငွေကျပ် သိန်း ၄၀၀ အား ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)