မိုင်းဖြတ်မြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း၌ (ပထမ)အကြိမ် မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်း ဆောင်ရွက်

မိုင်းဖြတ် စက်တင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာနမှ စိုက်ပျိုးထားရှိသည့် မိုးစပါးမျိုး​စေ့ထုတ်စိုက်ခင်း၌ (ပထမ)အကြိမ် မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းကို ယနေ့​နံနက်ပိုင်းက ဟောင်ဟင်ကျေးရွာရှိ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း၌ ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထိုသို့​ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်နှင့် ဝန်ထမ်းများက မိုးစပါးဆင်းဧကရီ-၃ မျိုးစေ့ထုတ်စိုက်ခင်း (၅•၀၀)ဧက၌ (ပထမ)အကြိမ် မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့​သည်။ အဆိုပါ မျိုးကွဲနှုတ်ပယ်ခြင်းသည် အပင်ပွားစည်းအချိန်၊ ပန်းပွင့်အချိန်နှင့် ရင့်မှည့်အချိန်အထိ ၃ ကြိမ် မဖြစ်မ​​နေဆောင်ရွက်ပေးရခြင်းဖြစ်သည်။

မိုင်းဖြတ်မြို့နယ်အတွင်း ဆင်းဧကရီ-၃ စပါးမျိုးကို မိုးစပါးစိုက်ဧက၏ ၇၀ ရာခိုင်နှုန်းကျော်ကို ​တောင်သူများက အများဆုံးစိုက်ပျိုးကြပြီး‌၊ အထွက်နှုန်းကောင်း၍ ဈေးကောင်းရရှိသည့်အတွက် တောင်သူအများစုက စိုက်ပျိုးကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)