မုံရွာပညာရေးဒီဂရီကောလိပ်၌ လူငယ်သီတင်းပတ် ဒုတိယ‌နေ့ ဆက်လက်ကျင်းပ

မုံရွာ စက်တင်ဘာ ၆

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် လူငယ်များအရည် အချင်းရှိရှိနှင့် ပူးပေါင်းပါဝင် လာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာပညာရေးဒီဂရီကောလိပ်၌   လူငယ်သီတင်း ပတ်ဆောင်ရွက်လှုပ်ရှားမှုများအား  စက်တင်ဘာလ ရက်နေ့ နံနက်ပိုင်းက အဆိုပါ မုံရွာပညာရေးဒီဂရီကောလိပ်ရှိ ပဉ္စဗလဘက်စုံခန်းမတွင် ကျင်းပဆောင်ရွက်ပေးလျက် ရှိရာ ယနေ့ နံနက်ပိုင်းက လူငယ်သီတင်းပတ် ဒုတိယ‌နေ့တွင်  မြန်မာစာဌာနနှင့် လူမှုရေး ဘာသာရပ်များဌာနက ကြီးမှူးပြီး စာရိတ္တနှင့် လူမှုကျင့်ဝတ်ဆိုင်ရာ စာပေစကားဝိုင်း ဟောပြောခြင်း နှင့် သင်္ချာဌာနနှင့် သိပ္ပံဘာသာရပ်များဌာနတို့မှ ကြီးမှူးပြီး ဥာဏ်စမ်းပဟေဠိ အဖြေညှိရ အောင် အစီအစဥ်တို့ဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မုံရွာပညာရေးဒီဂရီကောလိပ်  ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။ ဦးစွာ မြန်မာစာဌာနနှင့် လူမှုရေးဘာသာရပ်များဌာနက ကြီးမှူးပြီး စာရိတ္တနှင့် လူမှုကျင့်ဝတ်ဆိုင်ရာ စာပေစကားဝိုင်းကို ကျောင်းသားကျောင်းသူ(၅)ဦးတိုဦးဆောင် ဆွေးနွေးဟောပြောကြပြီးနောက် သင်္ချာဌာနနှင့် သိပ္ပံ ဘာသာရပ်များဌာနတို့မှ ကြီးမှူးပြီး ဥာဏ်စမ်းပဟေဠိ အဖြေညှိရအောင် အစီအစဥ်တွင်လည်း တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ပါဝင်ယှဥ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မုံရွာပညာရေးဒီဂရီကောလိပ် လူငယ်သီတင်းပတ် လှုပ်ရှားဆောင်ရွက်မှုများအား စက်တင်ဘာလ ရက်နေ့မှ ရက်နေ့အထိ ဌာနအလိုက် လူငယ်များအသိပညာ၊ ဗဟုသုတ ဆွေးနွေးပွဲများ၊ ဉာဏဗလဆွေးနွေးပွဲများနှင့် ဖျော်ဖြေရေးအစီအစဉ်များကို  ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)