သနပ်ပင် စက်တင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား ကုန်ဈေးနှုန်းကျဆင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်မှ အဖွင့်အမှာစကားပြောကြားပြီး စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးအောင်သူရမှ တက်ရောက်လာသော လုပ်ငန်းရှင်းများအား အခြေခံစားသောက်ကုန်များအား သတ်မှတ်ထားဈေးနှုန်းထားအတိုင်း ရောင်းချပေးရန်၊ သတ်မှတ်ထာားသောဈေးနှုန်းထက်ပိုရောင်းမိပါက သတိပေးခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြေင်းနှင့် ဈေးနှုန်းမြှင့်တက်မှုမရှိစေရေး သက်ဆိုင်ရာကုန်သည်များအား အသိပေးရှင်းလင်းပြေားကြားခဲ့သည်။
ထို့နောက် ပဲခူးခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲမင်းထွဋ်က အခြေခံစားသောက် ကုန်များဖြစ်သော ဆန်၊ ဆီ၊ မီးဖိုချောင်းသုံးပစွည်းများ ဈေးနှုန်းများ တည်ငြိမ်စွာရောင်းချပေးရေး၊ ဆန်ဈေးနှုန်းများသင့်တင့်မျှတပြီး ဈေးတည်ငြိမ်စေရန်နှင့် ဆန်ဈေးနှုန်းများကို ဈေးကစားလို့သောသဘောဖြင့် သိုလှောင်ထားပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန် စသည့်အကြောင်းများအရာများ၊ လုပ်ငန်းရှင်များ လိုက်နာရမည့်စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး လုပ်ငန်းရှင်များကလည် သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူတို့က ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)