ပုဗ္ဗသီရိမြို့နယ်ရှိ ဝဏ္ဏဒီပရပ်ကွက်၌ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ပုဗ္ဗသီရိ စက်တင်ဘာ ၆

ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ဦးစီးမှူးရုံးမှ ဒုလ.ဝ.ကမှူး ဒေါ်ဇင်ဇာနို (၅) ဦးတို့က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း နေထိုင်သူ အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားတို့၏ (Biographic Data) နှင့် (Biometric Data) များကောက်ယူ၍ (Database) တွင်သိမ်းဆည်းပြီး ဂဏန်း (၁၀) လုံးပါဝင်သည့် (Unique ID) နံပါတ်သတ်မှတ်၍   မှတ်ပုံတင်ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ တပင်ရွှေထီးရပ်ကွက်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသူ  ကျား (၁၅၈)၊ မ (၁၉၇)၊ စုစုပေါင်း (၃၅၅) ဦးတို့အား  ကောက်ယူခဲ့ရာ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူသည့် လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းသန်းနွယ်(ပြန်/ဆက်)