ကသာပညာရေး ဒီဂရီကောလိပ်၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်သီတင်းပတ်လှုပ်ရှားမှု “Farewell” အခမ်းအနား ကျင်းပပြုလုပ်

ကသာ စက်တင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာပညာရေးဒီဂရီကောလိပ်တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး  လူငယ်သီတင်းပတ် လှုပ်ရှားမှု “Farewell” အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အဆိုပါ ကောလိပ်ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လူငယ်သီတင်းပတ်လှုပ်ရှားမှု “Farewell” အခမ်းအနားတွင် လေးနှစ်သင်ကျောင်းသား/ ကျောင်းသူလေး များမှ “မြတ်ဆရာ” သီချင်းဖြင့်လည်းကောင်း၊ ဒုတိယနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသူ လေးများက “ပုဂံအက” ဖြင့်လည်းကောင်း၊ ဒုတိယနှစ် (ပထမနှစ်ဝက်) ကျောင်းသူလေးများက “တပင်တိုင် အက” ဖြင့်လည်းကောင်း၊ ပထမနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသူလေးများက “မင်္ဂလာပါသီချင်း” ဖြင့်လည်း ကောင်း၊ ဒုတိယနှစ်(ပထမနှစ်ဝက်) ကျောင်းသား/ ကျောင်းသူလေးများက “ရှမ်းအက” ဖြင့်လည်း ကောင်း၊ “ပန်းကမ္ဘာမျှော်စင်” သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကသာပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊  ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အကအလှများ၊ သီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေ ပေးခဲ့ကြသော ကျောင်းသား/ ကျောင်းသူလေးများကို ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေ (၃၀၀၀၀၀)ကျပ်ကို ချီးမြှင့်ပေးခဲ့ကြောင်း သိရ သည်။

ကသာပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ ကျောင်းသူလေးများကလည်း ယခုလိုပျော်ပွဲ ရွှင်ပွဲပြိုင်ပွဲများ ပြုလုပ်ပေးသည့်အတွက် အလွန်ဝမ်းသာ မိပါကြောင်း၊ ဗလငါးတန်းဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်း ကူညီပေးကြပါသော ဌာနဆိုင်ရာများကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ယခုပွဲလေးဖြစ်မြောက် အောင် ဆောင်ရွက်ပေးသည့်အတွက် လူငယ်များအနေဖြင့် အသိပညာ၊ စာရိတ္တပိုင်းဆိုင်ရာ ကောင်းမွန်ရေး ဗဟုသုတများ တိုးပွားရရှိခဲ့ပါကြောင်း အသီးသီး ပြောကြားခဲ့ကြသည်။             

ကျော်စွာထွန်း(ကသာ)