တောင်တွင်းကြီး စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံဆီလုပ်ငန်ရှင်များနှင့် တောင်တွင်းကြီး မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ ဆီလုပ်ငန်းရှင်များ၏ ပူးပေါင်းစီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်(၃)ရပ်ကွက်မှ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်နှင့်ဆီများ ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ရောင်းချပေးရာတွင် ဆန်တစ်ပြည်လျှင် ငွေကျပ် ၂၅၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ စာအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၄၆၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း စုစုပေါင်း ဆန် ၂၄ ပြည်အိတ် ၆၀ အိတ်နှင့် စာအုန်းဆီ ၉ ပေပါတို့ကို အိမ်ခြေ ၉၉၀ အား ရောင်းချပေးခဲ့ပြီး ရောင်းချနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သက်ခိုင်ထွန်းနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)