တန့်ယန်းမြို့နယ် အမှတ်(၂)ရပ်ကွက်တွင် ကိုယ့်အားကိုယ်ကိုး ကတ္တရာလမ်း အဆင့်မြှင့်တင်ဆောင်ရွက်

တန့်ယန်း စက်တင်ဘာ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့တွင်းလမ်းများ အဆင့်မြင့်ကောင်းမွန်လာစေရန် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေပေါ်မူတည်၍ မြို့နယ်စည်ပင်သာယာရေးဌာနမှ နှစ်စဥ်ဆောင်ရွက်ပေးရာ အမှတ်(၂)ရပ်ကွက် “ရွှေရှင်း”ဟိုတယ်၏ အရှေ့ဘက်လမ်းအား ကတ္တရာလမ်းအဖြစ် ကိုယ့်အားကိုယ်ကိုး အဆင့်မြှင့်တင်ဆောင်ရွက်နေလျက်ရှိသည်။

အဆိုပါ လမ်းဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ကတ္တရာ(၃ ဒဿမ ၉၈)တန် ထောက်ပံ့မှုဖြင့် လမ်းအလှူရှင် ဦးကျဟေး မိသားစုမှ လမ်းခင်းခြင်းကုန်ကျစရိတ်အား လှူဒါန်းကာအကျယ်(၁၈)ပေ၊ ထု(၉)လက်မ၊ အရှည်ပေ(၅၀၀)ကို ကတ္တရာလမ်းအဖြစ် တာဝန်ခံအင်ဂျင်နီယာ ဦးစိုင်းဆိုင်ဟန်ဖနှင့် တာဝန်ရှိသူတို့က အနီးကပ်ကြီးကြပ်ဆောင်ရွက်နေရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမိုင်းဟင်္သာထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)